ထုတ်ကုန်လုံခြုံစိတ်ချနိုင်ရေး ရွှေပြည်ထွန်းငရုတ်သီးမှုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစေရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့်လုပ်ငန်းရှင် များနှင့်တွေ့ဆုံပြီးဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့တွင် အမှတ်(၂၂၁)၊ ရုံးလမ်း၊ စျေးတန်းရပ်နေ ရွှေပြည်ထွန်းလုပ်ငန်းရှင်သည် မြိတ်မြို့၊ ကမ်းနားလမ်းရှိ စားသုံးသူ ရေးရာဦးစီးဌာနတွင် တာဝန်ရှိသူနှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်သားပြည့်စုံစွာပါရှိနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

      မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တွေ့ဆုံဆွေးနွေးရာတွင် ထုတ်ကုန် တစ်ခုထုတ်လုပ်မည်ဆိုပါက  စားသုံးရန်/သုံးစွဲရန်ထောက်ခံချက် အရင်ပြုလုပ်သင့်ကြောင်းနှင့် ထုတ်ကုန်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား (အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိ ပေးချက်များ၊ ပါဝင်ပစ္စည်း စသည်တို့ကို)ပြည့်စုံစွာဖော်ပြထားရမည်ဖြစ်ကြောင်း၊ အချက်အလက် အသေးစိတ်ကို ဆွေးနွေးပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက် များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)