အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့နှင့် တိရိစ္ဆာန်ဆေးဝါး လုပ်ငန်းသုံးစက်ကိရိယာ ထုတ်လုပ်ရောင်းချသူများအသင်း၌ ကုန်ညွှန်းအမှတ်အသားပြဌာန်းချက်များ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၇.၁.၂၀၂၀ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့နှင့် တိရိစ္ဆာန်ဆေးဝါး၊ လုပ်ငန်းသုံးပစ္စည်းကိရိယာထုတ်လုပ်ရောင်းချသူများအသင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အသင်းမှ တာဝန်ရှိသူများ၊ အသင်းဝင်များနှင့် လုပ်ငန်းရှင်များ (၄၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် သတိပေးချက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြချက်ပါရှိရမည် ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ် ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး အသင်းမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များမှလည်း ၎င်းတို့ သိရှိလိုသည့်ကိစ္စများအား ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

(နှင်းနွယ်)

YGN, DOCA