စိုက်ပျိုးရေးလုပ်ငန်းသုံး အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    မအူပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအူပ်ချုပ်ရေးဦးစီးဌာနတာဝန်သူများ၊ လိုက်ပါလျက် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်း‌ဆိုင်များအား စစ်ဆေးခြင်းလုပ်ငန်းကို ၈-၁-၂၀၂၆ ရက်နေ့ နံနက်  ၈ နာရီခွဲ အချိန်က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် အဖွဲ့က စိုက်ပျိုးရေးသွင်းအားစုများ ဖြန့်ဖြူးရောင်းချရာတွင် သီးနှံအလိုက် မျိုးစေ့အရည်အသွေး မှန်ကန်မှုရှိစေရေး၊ လုပ်ငန်းလိုင်စင်ပါ သတ်မှတ်ချက်များနှင့်အညီ ရောင်းချရေး၊ သက်တမ်းလွန် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် အခါအားလျော်စွာ ရောင်းချခွင့် ပိတ်ပင်ထားသော ပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ မှတ်ပုံတင်ထားရှိသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကိုသာရောင်းချရေး၊ စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချရေးတို့ကို စစ်ဆေးခဲ့ပြီး ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်အသုံးပြုပုံနှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အသေးစိတ် အသိပညာပေးခြင်း၊  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးက ဆိုင်ရှင်များအား တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမရှိစေရေးနှင့် ဆေးဝါးများကို တုပ၍ ထင်ယောင်ထင်းမှား ပြုလုပ်ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ အကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)