သီရိမဂႅလာဈေးအတွင်းရှိ အသား/ငါးများ သန့်ရှင်းလတ်ဆတ်မှုနှင့် သန့်ရှင်းသော ရောင်းချမှု စနစ် ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ(၂၃)ရက်နေ့၊နံနက်(၀၇:၀၀)နာရီအချိန်တွင်  လွိုင်ကော်မြို့၊ သီရိမဂႅလာဈေးအတွင်းရှိ အသား/ငါး/ကြက်ဥ/ဘဲဥရောင်းချနေသောဆိုင်များသို့ လတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသောရောင်းချခြင်းစနစ်ရှိ/မရှိ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ပါသည်။        

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိ အသား/ငါးများမှာ အခြားဒေသမှ အများဆုံး မှာယူတင်သွင်းရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ယင်လုံဇာများဖြင့် ဖုံးအုပ်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ရောင်းချသောဈေးသည်များအနေဖြင့် အလေးချိန်မှန်ကန်စွာရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊စစ်ဆေးနေစဉ်အတွင်းသန့်ရှင်းလတ်ဆတ်မှုမရှိသော အသား / ငါးအနည်းငယ်ကိုတွေ့ရှိရပါသဖြင့် သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးခဲ့ပါကြောင်းနှင့် နောင်တွင် သန့်ရှင်းလတ်ဆတ်မှုမရှိသော အသား၊ငါး၊ဥများနှင့် ကူးစက်ရောဂါရနေသော အသား / ငါးများအား ရောင်းချခြင်းမပြုရန် အသား/ငါး/ကြက်ဥ/ဘဲဥများ ရောင်းချနေသော ဆိုင်(၂၇)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)