
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၈) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက စားသုံးရန်မသင့်သည့် အစားအစာများအကြောင်း၊ ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူစားသုံးရာ၌ ပါဝင်သည့် ကုန်အညွှန်း အမှတ်အသားကို သေချာစိစစ်ဖတ်ရှု ဝယ်ယူသုံးစွဲ ကြရန်နှင့် ကုန်ပစ္စည်း၏ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးသည့်ရက်၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊တခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်း မရှိသော ကုန်ပစ္စည်းများကို မသုံးစွဲကြရန်၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက စားသုံးသူရေးရာ ဦးစီးဌာန၏ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိ ပညာပေး ဟောပြောခဲ့မှု အပေါ် သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
