ကမာရွတ်မြို့နယ်ရှိ United Amara Bank ရုံးချုပ်၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

             ၂၁.၁.၂၀၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကမာရွတ်မြို့နယ်ရှိ United Amara Bank ရုံးချုပ်၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ ဘဏ်ဝန်ဆောင်မှုဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ရာ ဘဏ်ရုံးချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

         အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ ဘဏ်ဝန်ဆောင်မှု ဆိုင်ရာများနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ စားသုံးသူတိုင်ကြားမှုများ အပေါ် ဌာနမှ ဖြေရှင်းပေးခဲ့မှုများအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဘဏ်လုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် အချက်များအားလည်း အသေးစိတ်ဆွေးနွေးပြောကြားခဲ့ရာ ဘဏ်တာဝန်ရှိသူများမှလည်း မိမိတို့ဘက်မှ လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် ၎င်းတို့ သိရှိလိုသည့်အချက်အလက်များအား မေးမြန်းခဲ့ပြီး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။                                     

(နှင်းနွယ်)
YGN, DOCA