စားသုံးသူအခွင့်အရေးကာကွယ်ဖို့ ယုံကြည်မှုတွေတည်ဆောက်စို့ (သို့) စားသုံးသူနှင့် ယုံကြည်မှု

Powered by Drupal

       ကျွန်တော်တို့နေ့စဉ် ရှင်သန်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ နေ့တဓူဝ ဆက်ဆံနေရတဲ့ မိသားစုအတွင်းမှာလည်းကောင်း၊ အလုပ်သဘောအရဆက်ဆံရတဲ့ လူမှုပတ်ဝန်းကျင်မှာလည်း ကောင်း၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာမှာလည်းကောင်း၊ ကိုးကွယ်ဆည်းကပ်ရာမှာလည်း ကောင်း အမြဲပြောဆိုသုံးနှုန်းနေရတဲ့ မြန်မာစကားစုလေး တစ်ခုရှိပါတယ်။ အဲဒါကတော့ ယုံကြည်ပါ၊ ယုံကြည်ပေးပါ၊ ကိုးကွယ်ယုံကြည်ရာဆိုပြီး ပြောဆိုနေကြတဲ့စကားတွေထဲက ယုံကြည် ဆိုတဲ့ စကားစုလေးပဲဖြစ်ပါတယ်။ အဲဒီစကားစုလေးရဲ့  အဓိပ္ပာယ်ကို မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားတာ ကတော့ “ယုံကြည် = အမှန်အဖြစ်မှတ်ယူသည်၊ စိတ်ချသည်” လို့ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။ မိသားစုဝင်တစ်ဦးနှင့်တစ်ဦး၊ အလုပ်ရှင်နှင့်အလုပ်သမား၊ စားသုံးသူနှင့် လုပ်ငန်းရှင် အကြား ယုံကြည်မှုရှိခြင်းက လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပါတယ်။

      လူရယ်လို့ဖြစ်လာလျှင် နေ့စဉ် စားရေး၊နေရေး၊ ဝတ်ရေး ဆိုတဲ့ ရေးသုံးရေးကို အမြဲရင်ဆိုင် ဖြေရှင်းနေရတာပဲဖြစ်ပါတယ်။ဒီလိုဖြေရှင်းရာမှာလည်း ဝင်ငွေပေါ်မူတည်၍ အဆင့်တန်းမီ လွယ်ကူ စွာဖြေရှင်းနိုင်သူ၊ သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းနိုင်သူ၊ အလျဉ်းသင့်သလို ဖြေရှင်းနေရသူ ဆိုတဲ့ လူတန်းစားသုံးရပ်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ စားဝတ်နေရေးကို အလျဉ်းသင့်သလိုဖြေရှင်းနေရတဲ့ အခြေခံလူတန်းစားတွေအနေနှင့်ကတော့ ရွေးချယ်စရာနည်းပြီး ရှင်သန်ရပ်တည်နိုင်ရေးကို ဦးစား ပေးဖြေရှင်းရတာပဲဖြစ်ပါတယ်။

      စား၊ဝတ်၊နေရေးဆိုတဲ့ လူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းဖို့ သုံးစွဲနေရတဲ့ ကုန်စည် နှင့်ဝန်ဆောင်မှုတွေအပေါ်မှာ စားသုံးသူတွေရဲ့ ယုံကြည်စိတ်ချမှုဟာ များစွာ အရေးပါတာကိုလည်း တွေ့ရပါတယ်။ ဝင်ငွေကောင်းတဲ့သူအဖို့ အရည်အသွေးပြည့်တဲ့ကုန်စည်ကို မိမိစိတ်တိုင်းကျ ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်ပေမယ့် ၊ ဝင်ငွေ နည်းသူ တွေအဖို့တော့ ရွေးချယ်နိုင်မှုနည်းပါတယ်။ အခြေ ခံသတ်မှတ်အရည်အသွေးပြည့်ရဲ့လားလို့ ဦးစားပေးမစဉ်းစားနိုင်ပဲ ဝင်ငွေနှင့်ချိန်ပြီး သုံးစွဲစားသုံး နေရတဲ့ အရည်အသွေးပေါ် ယုံကြည်စိတ်ချရမှုကတော့ အားနည်းပြီး ကံကိုပဲရိုးမယ်ဖွဲ့နိုင်ပါတယ်။

      သုံးစွဲရတဲ့ကုန်စည်တွေရဲ့ အ​ခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ဖော်ပြရမယ့် ကုန်အညွှန်းအမှတ် အသားတွေ၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲတွေကို ဖော်ပြထားပြီး၊ ကုန်အညွှန်းမှာပါတဲ့ အတိုင်း ထုတ်လုပ်ထားမယ်၊ ရှိသင့်တဲ့ အရည်အသွေးရှိတဲ့ ကုန်ကြမ်းတွေပဲသုံးမယ်၊ လုပ်ငန်းအသေး၊အကြီး အလိုက်ရရှိသင့်တဲ့သက်ဆိုင်ရာဌာနတွေရဲ့ ထောက်ခံချက်ရရှိထားမယ်၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သူတွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေလည်း လိုက်နာပြီးထုတ်လုပ်ထားတဲ့ ကုန်စည်တွေ သာဈေးကွက်ထဲမှာရှိမယ်ဆိုရင် စားသုံးသူတွေအတွက် မျှတတဲ့ ဈေးကွက်ဖြစ်လာပြီး မည်သူမဆို စိတ်ချယုံကြည်စွာသုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။

          ဝန်ဆောင်မှုတွေကိုလည်း ရှိရမည့် အခြေခံအချက်တွေဖြစ်တဲ့ သုံးစွဲသူဘေးကင်းလုံခြုံရေး၊ စိတ်ကျေနပ်မှုရှိရေး၊ ပေးရတဲ့တန်ဖိုးနှင့်ညီမျှတဲ့ ဝန်ဆောင်မှုတွေရရှိမှသာ လူတန်းစားမရွေး စိတ်ချယုံကြည်စွာ ဝန်ဆောင်မှုရယူနိုင်မှာဖြစ်ပါတယ်။ ဟိုးယခင် ကျနော်တို့ငယ်စဉ်က ဖခင်ဝင်ငွေတစ်ခု တည်းနဲ့ မိသားစုငါးဦးရပ်တည်နိုင်ခဲ့ပေမယ့်၊ ယခု ၂၁ရာစုရဲ့လူနေမှုပုံစံဟာ မိသားစုငါးဦးရှိရင် ငါးဦး စလုံးအလုပ်လုပ်မှသာ လူတန်းစေ့နေထိုင်နိုင်မှာလည်းဖြစ်ပါတယ်။ အချိန်နှင့် ဝင်ငွေ အချိုးကျလာ တဲ့အတွက် သုံးစွဲရတဲ့ပစ္စည်းတွေကိုလည်း Ready Made တွေ၊ စားတော့လည်း အသင့်စားအစားအ စာတွေ သုံးစွဲစားသုံးလာရပါတယ်။

    စားသုံသူတွေအနေနှင့်ကလည်း လွယ်ကူလျင်မြန်မှုကို ဦးစားပေးရတဲ့အတွက် အရည်အသွေး မပြည့်မီတဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုတွေကို သုံးစွဲခဲ့ရင် ရုပ်ပိုင်းဆိုင်ရာထိခိုက်နိုင်ချေတွေ၊ ရည်ရွယ် ချက်မပြည်ဝတာတွေ၊ ငွေကြေး ဆိုင်ရာ ဆုံးရှုံးနိုင်ချေတွေ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ချေ နှင့် အချိန် ပိုင်းဆိုင်ရာ ဆုံးရှုံးနိုင်ချေတွေကို ရရှိခံစားရနိုင်ပါတယ်။ ဒါကြောင့်စားသုံးသူကာကွယ်ရေးဟာ အရေး ကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ ကာကွယ်ခြင်းဟာ အကောင်းဆုံးကုသခြင်း ဆိုတဲ့ အတိုင်း ထိရောက်သောစားသုံးသူကာကွယ်ခြင်းဖြစ်တဲ့ စားသုံးသူအခွင့်အရေးကို ကောင်းစွာသိရှိ နားလည်တဲ့ စားသုံးသူကသာ မိမိ ကိုယ်ကို အကောင်းဆုံးကာကွယ်နိုင်မှာဖြစ်ပါတယ်။

    ထို့ကြောင့် စားသုံးသူပြည်သူတွေအနေနှင့် စားသုံးသူအခွင့်အရေးတွေကို သိရှိပြီး၊ နစ်နာဆုံးရှုံး မှုတွေကို ကာကွယ်နိုင်ဘို့၊ နစ်နာဆုံးရှုံးမှုတွေကို ပြန်လည်ကုစားနိုင်ဘို့အတွက် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူတွေကို အသိပညာပေးဟောပြောခြင်းတွေ၊ စားသုံးသူကာကွယ် ရေးနှင့်ဆိုင်တဲ့ Talk Show တွေ၊ Consumer Call Center 1535 ထူထောင်ခြင်း၊ ကုန်စည်တွေမှာ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးတွေ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းတွေကို ဆောင်ရွက်လျက်ရှိပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်တွေကို  မလိုက်နာတဲ့ လုပ်ငန်း ရှင်တွေကိုလည်း အရေးယူဆောင်ရွက်ခြင်းတွေကို ပြုလုပ်ဆောင်ရွက် လျက်ရှိပါသည်။ ဌာနရယ်၊ စားသုံးသူပြည်သူရယ်၊ လုပ်ငန်းရှင်ရယ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်တဲ့စားသုံးသူကာ ကွယ်ရေး ရပ်ဝန်းတစ်ခုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွာရေး လုပ်ငန်းရှင်၏တာဝန်တွေ၊ တားမြစ်ချက်တွေကို လုပ်ငန်းရှင်များမှ တိကျစွာအကောင်အထည်ဖော် လိုက်နာဆောင်ရွက်မှသာ  စားသုံးသူနှင့်လုပ်ငန်းရှင်ကြား ယုံကြည်မှု တည်ဆောက်နိုင်ပြီး၊ စားသုံးသူတွေအနေနှင့် ကံကိုယိုးမယ်ဖွဲ့စရာမလိုပဲ၊ အချက် အလက်တွေ ကြည့်ပြီး မှန်ကန်စွာရွေးချယ်နိုင်ကာ၊ ယုံကြည်စိတ်ချစွာသုံးစွဲနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းရှင်များမှာလည်း မျှတသောယှဉ်ပြိုင်မှုကိုရရှိစေပြီး၊ စားသုံးသူ ယုံကြည့်သည့် ခိုင်မာသော ဈေးကွက်ကိုရရှိစေမှာဖြစ်တဲ့အပြင် စားသုံးသူတွေအတွက်  ကောင်းမွန်ရှင်သန်နိုင်ပြီး လုံခြုံစိတ်ချရတဲ့  ပတ်ဝန်းကျင်​ကောင်းကို ရရှိစေမှာဖြစ်ပါတယ်။

DOCA(ဧရာဝတီ)