ဂွမြို့ ရွှေရိုးမစက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး) သည် (၂၂-၁၁-၂၀၂၂)ရက်နေ့ နေ့လယ် (၁:၀၀)နာရီ အချိန်တွင် ဂွမြို့ ကင်းရုံးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရွှေရိုးမစက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ စက်သုံးဆီဈေးနှုန်းနှင့် ဆီလက်ကျန် အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဂွမြို့ရွှေရိုးမစက်သုံးဆီအရောင်းဆိုင်တာဝန်ခံ ဦးဇော်လင်းအောင်နှင့် တွေ့ဆုံပြီး စက်သုံးဆီများအား ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူ စိတ်ကျေနပ်မှုရှိစေရေးကို ဦးစားပေး ဆောင်ရွက်ပေးရန်နှင့် အလေးချိန်၊ဈေးနှုန်း မှန်ကန်စေရေးနှင့် စက်သုံးဆီများပြတ်လပ်မှု မရှိစေရေးအတွက်  တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)