မကွေးတိုင်းဒေသကြီး၊ ဆီစက်ပိုင်ရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့်အလုပ်အမှုဆောင် ရွေးချယ်ခြင်း အခမ်းအနား၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပေးဆွေးနွေး

Powered by Drupal

          ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၆) ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မကွေးကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

               အဆိုပါ အခမ်းအနားတွင် ဒုတိယပိုင်းအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးက တက်ရောက်လာသည့် ဆီစက်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ လိုက်နာဆောင်ရွက်ရမည့် ပြဌာန်းချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်သွားရမည့် အချက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဝင်းထွန်း
ဒု-ဦးစီးမှူး