ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အခြေခံပညာ အ-ထ-က ခွဲ ကျောင်းတွင်  စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

Powered by Drupal

      ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဌေးနှင့် ဝန်ထမ်းသည်  ၂၂-၁၁-၂၀၂၂ ရက်နေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ဘားအံမြို့ပေါ် ရှိ အခြေခံပညာ အ-ထ-ကခွဲ(ကော့ထော်)ကျောင်းတွင် ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကျင်ပခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိတို့သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကို ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှာ ဒေါ်သီတာဌေး ဒုကြီးကြပ်ရေးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူ ပြည်သူများလိုက်နာရမည့် တာဝန်နှင့်အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်မိခင်သူဇာက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စာသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း နားလည်သဘောပေါက်လွယ်စေရန် မုန့်မျိုးစုံဖြင့် ဥပမာပေး ပြသ၍ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများ ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၁၈၁)ဦးတို့အား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူတို့ကို ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)