
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ကေသီအောင်(အဖွဲ့ဝင်)သည် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဦးရဲပိုင်အောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန (အဖွဲ့ခေါင်းဆောင်)နှင့် ဦးဇော်မျိုးမင်း၊ ဦးတိုးတိုးထွေး၊ ဦးသိုက်ထွန်း၊ ဦးအောင်သူဌေး၊ ဦးသက်လွင်၊ ဦးခိုင်စွမ်းသူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(အဖွဲ့ဝင်)၊ရဲအုပ်ကောင်းမြတ်ဦး စစ်ကိုင်းမြို့မရဲစခန်း၊ ဒုရဲအုပ်မြင့်ဇော်ဝင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲအုပ်ကျော်ဇင်ဝင်း၊ ဒုရဲအုပ်ချမ်းသာ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၊ ရဲအုပ်အေးမင်းဝင်း သတင်းရဲတပ်ဖွဲ့၊ ရဲအုပ်တင်ကိုကို စစ်ကိုင်းလှုပ်ရှားမူးယစ်တပ်ဖွဲ့၊ ဦးထိုက်ထက်အောင် ခရိုင်သစ်တောဦးစီးဌာန၊ ဦးဟိန်လတ်၊ ဦးအောင်သူစိုး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးလွင်မောင်လတ်၊ ဦးရန်နိုင်ထွန်းအကောက်ခွန်ဦးစီးဌာန(အဖွဲ့ဝင်)တို့သည် ရတနာပုံတံတားတရားမဝင်ကုန်သွယ်မှု့တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များအနေဖြင့် ရတနာပုံတံတားသည် ၂၈.၃.၂၀၂၅ရက်နေ့က လှုပ်ခပ်ခဲ့သည့် ငလျင်ကြောင့် ရတနာပုံတံတား၏ကြံ့ခိုင်မှုမရှိသေးသည့်အတွက် (ယာယီ)အနေဖြင့် ဇက်ဆိပ်တွင် မန္တလေးတိုင်းမှ စစ်ကိုင်းတိုင်းသို့အဝင်၊အထွက် (၂)ဂိတ်နှင့် (၂၅)တန်နှင့် အောက်ယာဉ်ငယ်များ ဖြတ်သန်းနိုင်သည့် ရတနာပုံတံတား ပေါ်တွင်လည်း စစ်ကိုင်းတိုင်းမှ မန္တလေးတိုင်းသို့ အဝင်၊အထွက် (၂)ဂိတ်၊ စုစုပေါင်းယာယီ(၄)ဂိတ်ဖြင့် တရားမဝင်ကုန်ပစ္စည်းများရောင်းဝယ် သယ်ဆောင်မှုများ မရှိစေရေးနှင့် လုံခြုံရေးတို့အတွက် ရတနာပုံတံတားနှင့် ရတနာပုံတံတားအောက်(ဇက်ဆိပ်)မှ နေ့စဉ် ဖြတ်သန်းသွားလာသည့်ယာဉ်ပေါ်တွင်တရားမဝင်ကုန်ပစ္စည်းများ ရောင်းဝယ်သယ်ဆောင်မှုများ မရှိစေရေးနှင့် လုံခြုံရေးတို့အတွက် စိစစ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
