တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့မှ ပူးပေါင်း၍ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ တွင် စားသုံးသူဆိုင်ရာ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့၊ နေ့လယ် (၁)နာရီအချိန်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
၎င်း Talk Show အစီအစဉ်ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝါဝါခိုင်၊ ခရိုင်ဦးစီးမှူးမှ Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အဖွင့်စကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးသီသီ (ဦးစီးမှူး)က မိမိတို့ဌာန၏ ဆောင်ပုဒ် မှာ စားသုံးသူအခွင့်အရေးဦးစားပေး ဖြစ်ကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ၏ တာဝန်များ၊ စားသုံးသူ များ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများ အား အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု များရှိပါက အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက် စားသုံးသူတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ Website မှ တဆင့်ဖြစ်စေ၊ DOCA Myanmar Application ဖြင့်ဖြစ်စေ တိုင်ကြား၍ရနိုင်ကြောင်းနှင့် Consumer Call Center နံပါတ်ဖြစ်တဲ့ (၁၅၃၅)သို့လည်း မည်သည့် Sim Card User များနှင့်မဆို ခေါ်ဆိုအသုံးပြု ဆက်သွယ်နိုင်သည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)