ထီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

Powered by Drupal

     ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၈)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ထီးလင်းမြို့နယ်တာဝန်ခံ တို့သည် ထီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ရာ မြိုနယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ စုစုပေါင်း (၁၅၆)ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ ပြဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်၊ ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ဖွဲ့စည်းထားပုံ၊ ကော်မရှင်ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ စားသုံးသူရေးရာကော်မတီကိုလည်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ထိ ဖွဲ့စည်းမည်ဖြစ်ပြီး မိမိတို့ဌာနမှ ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည်များကို စောင့်ကြည့်စစ်ဆေးနိုင်ရန် စစ်ဆေးရေးအရာရှိများကိုခန့်အပ်ထား ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းနှင့် တောင်းဆိုနိုင်သည့် အခွင့်အရေး၊ လုံခြုံစိတ်ချရမှု၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်သောနေရာများ၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်း၊ အသင်းအဖွဲ့များနှင့် ဆောင်ရွက်မည့် အချက်များ၊ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များစသည့် ဥပဒေပါ အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

သူဇာကျော်
ပခုက္ကူမြို့