ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးရှင်းလင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ဦးဆောင်၍ ရွှေညောင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် ရွှေညောင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ၁၉-၁၂-၂၀၁၉ နှင့် ၁၀-၁-၂၀၂၀ ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည။ ယင်းသို့ကွင်းဆင်း စစ်ဆေးရာမှ ကုန်အမှတ်တံဆိပ်တွင် ဖော်ပြရန်ပြဌာန်းချက်နှင့်ကိုက်ညီမှုမရှိသော စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား (၂၁-၁-၂၀၂၀) ရက်နေ့၊( အင်္ဂါ ) နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးမှူးရုံးရှိ CICCရုံးခန်းမှာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အားတံဆိပ်တွင်ဖော်ပြနိုင်ရန်အတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ အမှတ်တံဆိပ်တွင် ကုန်အညွှန်းအမှတ်အသားများအား သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်အသုံးပြုစေပြီး၊ မသေချာမရှင်းလင်းပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်ဆွေးနွေးနိုင်ကြောင်းသတင်းရရှိပါသည်။