ရုံးပတီသီး စိုက်ပျိုး၍ တောင်သူ အကျိုးအမြတ်ရရှိ

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်  ကွင်းကလေးကျေးရွာတွင်   လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး အခြားဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြသည်။ ဟင်းသီးဟင်းရွက်အမျိုးမျိုးစိုက်ပျိုးကြပြီး ရုံးပတီသီးကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင် တစ်ပိုင်စိုက်ပျိုး ရာမှ စီးပွားဖြစ်စိုက်ပျိုးလာ ကြကြောင်း သိရသည်။ မအူပင်မြို့နယ်တွင် အသီးအရွက်စိုက်ပျိုးသူပေါများ၍ ဟင်းသီး ဟင်းရွက်ဈေးနှုန်းများ သက်သာလျက်ရှိသည်။

     ကွင်းကလေးကျေးရွာတွင် ရုံးပတီသီးနှံကို ရာသီမရွေးစိုက်ပျိုးပြီး  စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် စတင်ခူးဆွတ်ရ ကြောင်း၊ မျိုးအနေဖြင့် ပင်မြင့်မျိုးများဖြစ်ပြီး အပင်ပု ရုံးပတီမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်၊၊ စိုက်ပျိုးမှုအနေဖြင့် ၁ဧက စိုက်ပျိုးပြီး တန်းခြား ၂ ပေ၊ ပင်ခြား ၁ ပေခွဲထား၍ ဘောင်ခတ်စနစ် ဖြင့် စိုက်ပျိုးရပြီး ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ် ဧကလျှင် စုစုပေါင်းငွေကျပ် ၁၅၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ၁ဧကတွင် အပင်ရေ ၅သောင်းကျော်ခန့် ရှိကြောင်း၊  ထွက်ရှိမှုအနေဖြင့် ရုံးပတီသီးကို တစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ဧကလျှင် စုစုပေါင်း ရုံးပတီသီးအတောင့်ရေ ၁၅၀၀၀၀ တောင့်ခန့် ထွက်ရှိကြောင်း၊ ရုံပတီသီးများကို မအူပင်မြို့နယ်တွင် ရောင်းချသလို ရန်ကုန်မြို့နှင့် အခြားတိုင်းဒေသကြီးအတွင်းမြို့နယ်များသို့လည်းရောင်းချကြောင်း သိရသည်၊၊ မအူပင်မြို့နယ် ကုန်စိမ်းဈေးကွက်တွင် ၈တောင်ပါ ၁စီးလျှင် ၅၀၀ကျပ်ဖြင့် လက်လီရောင်းချလျက်ရှိကြောင်း ဈေးကွက်အတါင်းမှ သိရသည်။ စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၂ သိန်း ကျော်ခန့်ရရှိကြောင်း ရုံးပတီသီး သည် စိုက်ပျိုးရလွယ်ကူပြီး အကျိုးအမြတ်ရရှိသောကြောင့် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုးလျက်ရှိပြီး  တောင်သူများအနေဖြင့် မိသားစု အပိုဝင် ငွေရရှိကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)