ရွှေဘိုဈေးကွက်သို့ ပဲကြားနှင့် ပုဂံပဲအသစ်များ စတင်ဝင်ရောက်

Powered by Drupal

ပဲကြား

         ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ ဒုတိယအပတ်တွင် ဒေသထွက် ပဲကြားအသစ်များ စတင်ဝင်ရောက်လျက်ရှိကြောင်း၊ ဇန်နဝါရီလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲကြားအသစ်ဈေးနှုန်း မှာ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ပဲကြား(၁)ပြည်လျှင် (၁၀၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်အောက် ပဲကြား()ပြည်လျှင်(၁၀၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ယခုအပတ်တွင် ပဲကြားများဝင်ရောက်မှုများပြီး အရောင်းအဝယ် အေးနေသောကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းရခြင်းဖြစ်ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်၊ ပဲရေဖွရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ပုဂံပဲ

          ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ ဒုတိယအပတ်တွင် ဒေသထွက် ပုဂံပဲအသစ်များ စတင် ဝင်ရောက်လျက်ရှိကြောင်း၊ ဇန်နဝါရီလ၊ တတိယအပတ်တွင်ရောင်းချသည့် ပုဂံပဲအသစ်ဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ()ပြည်လျှင်(၉၅၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီ ကြောင်း၊ အဝင်ပုံမှန်သာရှိပြီး အရောင်းအဝယ်အေးနေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ပဲပြုတ်ရောင်းချသည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပုဂံပဲကိုနိုင်လွန်ပဲဟုလည်းခေါ်ကြကြောင်း  ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)