ကန့်ဘလူမြို့နယ်၏ စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

Powered by Drupal

                     မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျပေါ်မူတည်၍ သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ် (၂၃.၁.၂၀၂၆)ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီဈေးနှုန်းတစ်လီတာ မှာ ၂၄၇၅ကျပ်၊ 95 Octance ဓါတ်ဆီဈေးနှုန်းတစ်လီတာမှာ ၂၅၁၀ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီ တာမှာ ၂၄၃၅ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၇၅၀ကျပ်ဖြစ်ကြောင်း သိရှိရပါ သည်။

            ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၆၀၀ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၆၄၅ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၅၆၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ ၂၉၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ်ဈေးနှုန်း များနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ရည်ညွှန်းဈေးနှုန်းမြင့်တက်လာသည့်အတွက် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)