ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုဝင်ဘာလ (၂၄) ရက်နေ့ ၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် အခြေခံပညာ အထက်တန်း ကျောင်း ရွှေညောင်မြို့၌ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ရွှေညောင်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ထွန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ဒေါ်စောနန္ဒာမြင့် (အကြီးတန်းစာရေး) က စားသုံးသူအဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသော အခန်း (၉)ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းနှင့် စားသုံးသူထိခိုက် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ပုံစံနည်းစနစ်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် ရွှေညောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
DOCA (ရှမ်း)