ဓနုဖြူမြို့ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂၂.၁၁.၂၀၂၂၀) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့မဈေးတာဝန်ခံရုံးတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်နှင့် ဖော်ပြချက်၊ လုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်အညွှန်အမှတ်အသားများအကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်အလက်များအကြောင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ကုန်မျိုးစုံလုပ်ငန်းရှင် (၁၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)