လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်၊ စက်သုံးဆီအရောင်းဆိုင်များတွင် အရည်အသွေးစံမမီသည့် စက်ဆီ၊ ချောဆီများဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်း မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၃.၁၁.၂၀၂၂)ရက်နေ့ ညနေ(၁၆:၀၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များအား စက်ဆီ၊ ချောဆီနှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းများအသင်းမှ ဈေးကွက်အတွင်း PPRD ၌ မှတ်ပုံတင် ထားခြင်းမရှိပဲ အရည်အသွေးမမှန်ကန်သော အာမခံချက်မရှိသည့် စက်ဆီ၊ ချောဆီများအား ရေသန့် ဘူးများ၊ ပြည်တွင်းထုတ်ဘူးများတွင် ထည့်သွင်း၍လည်းကောင်း၊ တရားဝင်တင်သွင်းသည့် ကုန်အမှတ်တံဆိပ်များနှင့်ဆင်တူယိုးမှားကပ်နှိပ်၍လည်းကောင်း၊ ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း ထိုစက်ဆီ၊ ချောဆီများကိုအသုံးပြုခြင်းဖြင့် သုံးစွဲသူတို့၏ ယာဉ်၊ စက်ယန္တရားများပျက်စီးဆုံးရှုံးမှု ဖြစ်စေနိုင်၍ သုံးစွဲသူများထိခိုက်နစ်နာမှုရှိလာပါကလည်း တာဝန်ခံမှု၊ တာဝန်ယူမှုမရှိပါကြောင်းနှင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီပြီး အာမခံချက်ရှိသော စက်ဆီ၊ ချောဆီများရွေးချယ်သုံးစွဲနိုင်ရေးအတွက် မိမိတို့ဌာနအနေဖြင့် ပြည်သူများနစ်နာမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)