မအူပင်မြို့နယ် မြနန္ဒာ မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၂.၁၁.၂၀၂၂၀) ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် မအူပင်မြို့ အမှတ်-၈ ရပ်ကွက် မြနန္ဒာ မူလွန်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ ဆရာ/ဆရာမ (၁၄၇) အား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောခဲ့ကြပါသည်။ အသိပညာပေးဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူတို့၏ အခွင့်အရေး များအကြောင်း၊ လိုက်နာရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေး၏ လုပ်ငန်းစဉ်များအကြောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်၊ စားသုံးသူများသည် ဈေးကွက်အတွင်း ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်သော ကုန်စည်များကို ရွေးချယ်တက်စေရန် ပါဝင်ရမည့် အချက်အလက်များကို သိရှိနားလည်ထားစေရန်၊ စားသုံးသူတို့သည် ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူတို့ နစ်နာဆုံးရှုံးမှုများကို မိမိတို့ဌာနသို့ တိုင်ကြားလာ၍ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များကို ဥပမာပေး၍ အကျယ်တဝင့်ရှင်းလင်းဟောပြောပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)