မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အ.မ.က (၁၅၉)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ် တာဝန်ခံတို့သည် ကလေးသူငယ်များအား အခြေခံမှစ၍ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို (၂၃.၁၁.၂၀၂၂) ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အ.မ.က (၁၅၉)ကျောင်း၌ ကျင်းပ ပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၃၀)ဦး တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးက မိမိတို့၏ စားသုံးသူရေး ရာဦးစီးဌာနနှင့်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ မတူညီကြောင်း၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ် ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ မိမိတို့ ကုန်စည်များကို ဝယ်ယူအသုံးပြုမည် ဆိုပါကကုန်အညွှန်း အမှတ်အသားကို အလေးထားပြီး ကြည့်ရှု့စေလိုကြောင်းနှင့်ကုန်အညွှန်းအမှတ်အသားပါ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊  မုံရွာမြို့နယ်တာဝန်ခံမှ စားသုံးသူ၏ အဓိပ္ပာယ်နှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များ၊ ပြည်သူတိုင်းသည်စားသုံးသူများဖြစ်၍ စားသုံးသူများရသင့်ရထိုက်သောအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ မိမိတို့ဌာနအား တိုင်ကြားလာမှုအပေါ်ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ နစ်နာဆုံးရှုံးမှုများရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ‌ကျောင်းသား/သူများသည် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလို ကလေးအရွယ်မှစ၍ စားသုံးသူရေးရာနှင့်ပတ်သက်သည့်အသိပညာ ဗဟုသုတများ ကြွယ်ဝပြီး မိမိတို့၏ ရထိုက်သောအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များကို  ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် အပြန်အလှန်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(စစ်ကိုင်း)