မြင်းခြံမြို့နယ်၏အစေ့ထုတ်ပြောင်းမြင့်တက်လာခြင်း

Powered by Drupal

     မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံမြို့နယ်များသည်  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးသော ကျေးရွာများမှာ ပတ္တာကျေးရွာ၊ အနိမ့်ကျေးရွာ၊ ခေါင်းကွဲကျေးရွာနှင့် ဓါးကျွန်းကျေးရွာများ၌ တောင်သူများသည် စီးပွားဖြစ် စိုက်ပျိုးထားကြောင်း သိရှိရသည်။ စိုက်ပျိုးရာတွင် ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းသော 808နှင့်  888 မျိုးများကို စိုက်ပျိုးကြောင်းသိရသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ အစေ့ထုတ်ပြောင်း တစ်တင်း လျှင် (၂၂၅၀၀-၂၅၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်ဇန်နဝါရီလ နောက်ဆုံးပတ်၌  စေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၁၅၀၀-၂၃၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် စေ့ထုတ်ပြောင်းတစ်တင်းလျှင်(၁၀၀၀-၂၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာ ကြောင်း၊  ဒေသတွင်း ပွဲရုံများ၌ အစေ့ထုတ်ပြောင်းများ အဝင်နည်းလာသောကြောင့် ဈေးနှုန်းပြန် လည်မြင့်တက်လာကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။ 

DOCA(မန္တလေး)