ဒေသတွင်းစီးပွားရေးနှင့် ကုန်စည်စီးဆင်းမှုအကြောင်း

Powered by Drupal

    မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှိ၊ လာအိုနိုင်ငံတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ပြည်ပ ကုန်သွယ်မှု၏ကြီးမားသောပမာဏကို ဆောင်ရွက်လျက်ရှိနေသည်။ လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နှင့်ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ-ကော့သောင်းစခန်းများသည် ကုန်စည်စီးဆင်းမှုအများဆုံးစခန်းများအဖြစ်ရပ်တည်နေပြီး မြဝတီနယ်စပ်သည် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုရာတွင် အသက်သွေးကြောသဖွယ်အရေးပါဆုံးဖြစ်နေဆဲဖြစ်သည်။ လူသုံးကုန်၊ စားသောက်ကုန်နှင့်ဆောက်လုပ်ရေးပစ္စည်းအများစုသည် ဤလမ်းကြောင်းမှတစ်ဆင့် စီးဝင်လျက်ရှိ နေပါသည်။

   မြန်မာ့လယ်ယာထွက်ကုန်ဖြစ်သော ဆန်၊ ပဲ၊ ပြောင်း၊ ဖရဲတို့၏အဓိကဈေးကွက်မှာ တရုတ် နိုင်ငံဖြစ်ပြီး မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်သည်အကြီးဆုံးဖြစ်သော်လည်း လက်ရှိတွင် လမ်းကြောင်းအပြောင်းအလဲများရှိနေပါသည်။ ပို့ကုန်အနေဖြင့် ဆန်၊ ပဲ၊ ပြောင်း၊ ရော်ဘာနှင့် ရေထွက်ကုန်ပစ္စည်းများကို နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်သော လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အခြေခံစားသောက်ကုန်များကို ပြန်လည်တင်သွင်းပါ သည်။ နယ်စပ်ကုန်သွယ်ရေးသည် နယ်မြေအခြေအနေနှင့်မူဝါဒအပြောင်းအလဲများအပေါ် မူတည်၍ အခြားသောနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ်များကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ပို့ကုန်အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။

DOCA(ပဲခူး)