
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မြေဝါကုန်းကျေးရွာ၊ တောင်ပိုကြီးအုပ်စု၊ တောင်သူ ဦးလှငွေသည် ပဲတီစိမ်းအသေးများ စိုက်ပျိုးထားကြောင်းသိရှိရပါသည်။ စိုက်ပျိုးမြေမှာ (၁)ဧက စိုက်ပျိုးပြီး မျိုးမှာ ပဲတီစိမ်းအသေးမျိုးဖြစ်ပါသည်။ စိုက်ပျိုးမြေ(၁)ဧကတွင် ပဲတီစိမ်း အသေး (၁၆)ပြည် ကုန်ကျကြောင်း သိရှိရပါသည်။ မျိုး(၁၆)ပြည်မှာ (၂၆၀၀၀၀)ကျပ်ရှိကြောင်းသိရ ပါသည်။ စိုက်ပျိုးခမှာ (၄၀၀၀၀)ကျပ်ကုန်ကျပါသည်။ ပဲတီစိမ်းအသေး ခူးဆွတ်ချိန်တွင် တစ်ဧကလျှင် နေ့စား (၁၄၀၀၀)ကျပ်ဖြင့် (၇)ဦးရှိပါသည်။ (၁)ဧကလျှင် စုစုပေါင်း ကုန်ကျစရိတ်မှာ (၇၆၆၀၀၀)ကျပ် ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ အထွက်ခန့်မှန်းတွက်ချက်မှုအရ (၁)ဧကမှာ (၁၂)တင်းထွက် ရှိပါသည်။ ယခုပေါက်ဈေးမှာ (၁၃၃၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချကြောင်းသိရှိရ ပါသည်။ စိုက်ပျိုး တောင်သူ၏ (၁)ဧကအကျိုးအမြတ်မှာ (၈၃၀၀၀၀)ကျပ်ခန့်ရရှိကြောင်းသိရသည်။ အထွက်နှုန်းမှာ စိုက်ပျိုးမြေပေါ်မူတည်ပြီး အထွက်လည်းများနိုင်ကြောင်း ဈေးနှုန်းအတက်အကျ ပေါ်မူတည်၍ ဈေးတက်လျှင် အကျိုးအမြတ်များကြောင်း ဈေးနှုန်းနည်းလျှင် အကျိုးအမြတ်နည်းပြီး မြေကောင်း လျှင် ကောင်းသလို အထွက်တိုးနိုင်ပြီး မကောင်းလျှင် အထွက်နှုန်းနည်းနိုင်ကြောင်း သိရှိရပါသည်။
မြေ (၁)ဧကတွင် ပဲတီစိမ်းသေး (၁၆)ပြည်ကုန်ကျကြောင်းသိရှိရပါသည်။ (၁၆)ပြည်တွင် (၂၆၀၀၀၀)ကျပ်ရှိကြောင်းသိရပါသည်။ စိုက်ပျိုးပြီး မျိုးစေ့ပက်ဖျန်းစရိတ်မှာ တစ်မနက် (၇၀၀၀)ကျပ်(၂)ယောက်ငှားပြီး (၁၄၀၀၀)ကျပ်ကုန်ကျပါသည်။ ပိုးသတ်ဆေးမှိုဆေးမှာ ဟန်နာ တစ်ဘူး (၂၀၀၀၀)ကျပ်နှုန်းဖြင့် (၇)ကြိမ်ပက်ဖျန်းရာ (၁၄၀၀၀၀)ကျပ်ကုန်ကျကြောင်း သိရှိရပါသည်။ စိုက်ပျိုးပြီး အပင်အားဆေးမှာ ရွှေမင်္လာ တစ်ဘူး (၂၀၀၀၀)ကျပ်နှုန်းဖြင့် (၇)ကြိမ် ပက်ဖျန်းပြီး (၁၄၀၀၀၀)ကျပ်ကုန်ကျကြောင်းသိရသည်။ ထွန်ယက်ခမှာ (၁)ဧက (၄၀၀၀၀)ကျပ်နှုန်း ကုန်ကျကြောင်းသိရသည်။ အပင်အားဆေးဖျန်းစရိတ်မှာ နေ့စား (၂)ဦးနှင့် တမနက် (၇၀၀၀)ကျပ်နှုန်း (၁၄၀၀၀)ကျပ်ကုန်ကျပါသည်။ (၁)ဧကအပင်ခူးစရိတ်မှာ တစ်နေ့ နေ့စားခ အလုပ်သမားခမှာ (၁၄၀၀၀)ကျပ်ဖြစ်ပြီး (၇)ယောက်ကုန်ကျ၍ (၉၀၀၀၀)ကျပ်ကုန်ကျကြောင်းသိရ ပါသည်။ ချွေလှေ့စက်ငှားရမ်းခမှာ တစ်တင်းလျှင် (၅၀၀၀)ကျပ်ဖြစ်ပြီး (၁)ဧကကုန်ကျစရိတ်မှာ (၇၆၆၀၀၀)ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ အထွက်ခန့်မှန်းတွက်ချက်မှုအရ (၁)ဧက (၁၂)တင်းထွက်ရှိပြီး တစ်တင်း ယခုပေါက်ဈေးမှာ (၁၃၃၀၀၀)ကျပ်နှုန်းဖြင့် (၁၅၉၆၀၀၀)ကျပ်နှုန်း ရရှိပြီး စိုက်ပျိုးတောင်သူ၏ အကျိုးအမြတ်ရရှိမှုမှာ (၈၃၀၀၀၀)ကျပ်ရရှိကြောင်းသိရှိရပါသည်။
အထွက်နှုန်းမှာ စိုက်ပျိုးမြေပေါ်မူတည်ပြီး အထွက်လည်းများနိုင်ကြောင်း မြေကောင်းလျှင် ကောင်းသလို အထွက်တိုးနိုင်ပြီးမကောင်းလျှင် အထွက်နှုန်းနည်း၍ ဈေးနှုန်းကောင်းလျှင် အကျိုး အမြတ်များ၍ ဈေးနှုန်းနည်းပါက အကျိုးအမြတ်နည်းနိုင်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)
