Thursday Talk အခမ်းအနားတွင် ပဲစားသုံးမှုမြှင့်တင်ရေးအကြောင်း ဆွေးနွေးဟောပြော

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ၏ လူစွမ်းအားအရင်းအမြစ်တိုးတက်လာစေပြီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို လွယ်ကူလျင်မြန် သွက်လက်စွာ ဆောင်ရွက်နိုင်စေရန်နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ တာဝန်ယူဆောင်ရွက်နေသော ဌာန၏လုပ်ငန်းစဉ်များအကြောင်းကို နှစ်ပတ်တစ်ကြိမ်  Thursday Talk အစီအစဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။

          အခမ်းအနားတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က ပဲစားသုံးမှု မြှင့်တင်ရေး သိကောင်းစရာခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြော ခဲ့ရာတွင် ပဲမျိုးစုံများမှ ပဲစဉ်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲ (၃)မျိုးတို့၏ မုန့်မျိုးစုံပြုလုပ်ပုံအဆင့်ဆင့်နှင့် ကျန်းမာရေးရှုထောင့်အရ အာဟာရပြည့် အသားဓါတ်သာမက အမျှင်ဓါတ်များပါဝင်ပြီး အခွံချွတ်ပဲအခြမ်းစားသုံးခြင်းဖြင့် ရောဂါကာကွယ်နိုင်ခြင်း အကျိုးကျေးဇူးများကို သိရှိနိုင်စေရန် ဆွေးနွေးပြောကြားခြင်း၊ ပဲအမျိုးမျိုးမှ ပရိုတင်းအသားဓါတ်၊ သံဓါတ်အာဟာရပြည့်ပါဝင်မှုအပြင် ဟင်းချက်စားသုံးခြင်းဖြင့်လည်းကောင်း၊ မုန့်မျိုးစုံ၊ ဖျော်ရည်အဖြစ် အရည်အသွေးမီ နည်းစနစ် မှန်ကန်စွာ အသုံးပြုနိုင်သည့်အပြင် ကျန်းမာရေးရှုထောင့်အရ အကာအကွယ်ပြုနိုင်သော အရိုးပွ ရောဂါ၊ ဆီးချို၊ နှလုံး၊ ကိုယ်ခန္ဓာအဝလွန်ခြင်းအတွက် ထိန်းချုပ်နိုင်ကြောင်း ၊မိမိတို့ ဒေသထွက်ပဲမျိုးစုံများမှ အရည်အသွေးမြှင့် မုန့်မျိုးစုံပြုလုပ်နည်းစနစ်များ၊ အိမ်တွင်းမိသားစုစားသောက်နိုင်မှုနည်းပညာများ၊ အရသာရှိအာဟာရပြည့်အဆင့်မီ တန်ဖိုးမြှင့် (Value Added) ထုတ်ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်နိုင်ခြင်းနှင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စားသုံးခြင်းအလေ့အထကောင်းများ ရရှိစေရး၊ ဟင်းချိုမှုန့်အစား အာဟာရပြည့်ဟင်းခတ်မှုန့် သုံးစွဲပြုလုပ်နိုင်ကြောင်း၊ အလှူ၊ မင်္ဂလာဆောင်၊ ဧည့်ခံပွဲများတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ကြောင်းနှင့် ဒေသထွက်ပဲစားသုံးမှု မြှင့်တင်လာစေရေးအတွက် စားသုံးသူများ ဘေးကင်း လုံခြုံစိတ်ချရစေသော စားသောက်နည်းစနစ်၊ အရည်အသွေးမီ ရွေးချယ်စားသောက်တတ်သော နည်းလမ်းကောင်းများကို သိစေကြောင်းနှင့် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား  “G to G” အစီအစဉ်ဖြင့် မတ်ပဲနှင့် ပဲစဉ်းငုံရောင်းဝယ်မှု  ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ  နားလည်မှု စာချွန်လွှာကို ၂၀၂၁ခုနှစ် ဇွန်လ ၁၈ရက်နေ့တွင် နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ (၂.၁၁.၂၀၂၂)ရက်နေ့တွင် မြန်မာ့ပဲများ တင်ပို့နိုင်ရေး လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အား အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး ၂၀၂၃ခုနှစ်ပဲရာသီတွင် ဥရောပနိုင်ငံများသို့ မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံ၏ ပဲများကိုသာ အနှစ်သာရပြည့်၊ အာဟာရ ပြည့်ဝ၍ ပိုမိုကြိုက်နှစ်သက်ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများ၏ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းကမ်းများနဲ့အညီ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ထုတ်လုပ်တင်ပို့နိုင်ရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)