အမေရိကန်စျေးကွက်တွင် ဗီယက်နမ်တီလားပီးယားငါးများ နေ‌ရာယူလာပြီးတင်ပို့မှု ပိုမို အားကောင်းလာ

Powered by Drupal

          ဗီယက်နမ်နိုင်ငံ၏ တီလားပီးယားငါး (Tilapia) တင်ပို့မှုကဏ္ဍသည် ၂၀၂၆ ခုနှစ်အစပိုင်း တွင် အံ့အားသင့်ဖွယ် တိုးတက်မှုနှုန်းများကို ပြသလျက်ရှိသည်။ အထူးသဖြင့် အမေရိကန်ဈေး ကွက်အတွင်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ခြင်းနှင့် အမေရိကန်နိုင်ငံ၏ ငါးလုပ်ငန်း တန်ဖိုးကွင်းဆက် မြှင့်တင်ရေး ရင်းနှီးမြှုပ်နှံမှုများကြောင့် ဗီယက်နမ်လုပ်ငန်းရှင်များ အတွက် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာခဲ့သည်။ ဗီယက်နမ် ပင်လယ်စာ တင်ပို့သူများနှင့် ထုတ် လုပ်သူများအသင်း (VASEP) ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်တွင် တီလားပီးယားငါး တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာသန်း ၅၀ ကျော် ရရှိခဲ့ပြီး၊ ယခင်နှစ်များထက် ၁၄၁ ရာခိုင်နှုန်း အထိ စံချိန်တင် မြင့်တက်ခဲ့သည်။ ယခုနှစ်တွင်လည်း ဤအရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ရန် ကြိုးပမ်း လျက်ရှိသည်။ ဤအောင်မြင်မှု၏ အဓိကအချက်မှာ အမေရိကန်ဈေး ကွက်အတွင်း ပြိုင်ဘက် နိုင်ငံများ၏ ငါးထုတ်ကုန်များအပေါ် အမေရိကန်နိုင်ငံမှ အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံ လိုက်ခြင်းနှင့် ဗီယက်နမ်၏ အရည်အသွေးမြင့် ငါးမျိုးစိတ်များကို ပိုမိုလက်ခံလာခြင်းတို့ကြောင့် ဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံသည် ဗီယက်နမ်၏ ငါးလုပ်ငန်းကဏ္ဍကို ပံ့ပိုးကူညီမည့် ဒေါ်လာ ၁၅.၂ သန်းတန်ဖိုးရှိ ငါးလုပ်ငန်း တန်ဖိုးကွင်းဆက် မြှင့်တင်ရေးစီမံ ကိန်းကို တရားဝင် စတင်လိုက်သည်။ ဤစီမံကိန်းသည် ၅ နှစ်တာ ကာလအတွင်း ဗီယက်နမ် နိုင်ငံ၏ တီလားပီးယားငါး ထုတ်လုပ်မှုစနစ်ကို ခေတ်မီနည်း ပညာများဖြင့် မြှင့်တင်ရန်နှင့် အမေ ရိကန်၏ တင်းကျပ်သော စားသောက်ကုန် ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် ရည်ရွယ်သည်။ ဗီယက်နမ်အနေဖြင့် လက်ရှိရရှိထားသော အခွင့်အလမ်းကို အသုံးချကာ တရုတ်နှင့် ဘရာဇီးကဲ့သို့သော အဓိက ပြိုင်ဘက်နိုင်ငံများ၏ နေရာကို အစားထိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အရည်အသွေးကို ဦးစားပေးသည့် စိုက်ပျိုးမွေးမြူရေးစနစ် (Sustainable Farming) သို့ ကူးပြောင်းခြင်းသည် ၂၀၂၆ ခုနှစ်အတွင်း ဗီယက်နမ်ငါးလုပ်ငန်းကဏ္ဍ၏ အဓိက မဟာဗျူဟာ ဖြစ်လာမည်ဟု စီးပွားရေးကျွမ်းကျင် သူများက သုံးသပ်ထားသည်။ ဇန်နဝါရီလ အတွက် ဗီယက်နမ်နိုင်ငံ၏ တီလားပီးယားငါး တင်ပို့ မှုပမာဏနှင့်ပတ်သက်ပြီး တိကျသော တန်ချိန်စာရင်းကို VASEP သို့မဟုတ် အစိုးရဌာနများမှ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဗီယက်နမ်၏ ပင်လယ်စာ ပို့ကုန်ဝင်ငွေ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၈၇၄ သန်း ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၁၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

Source : tuoitre                                                                        

DOCA(ရန်ကုန်)