မလေးရှားနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် အနီရောင်ဒူးရင်းသီး လူကြိုက်များလာ

Powered by Drupal

         ဘော်နီယိုကျွန်း၏ ရှားပါး ဒူးရင်းနီဟု လူသိများသော ဒူးရင်းသီးသည် စနစ်တကျစိုက်ပျိုးမည်ဆိုပါက အဓိကစိုက်ပျိုးရေးလုပ်ငန်းနှင့် စီးပွားဖြစ်သီးနှံတစ်ခု ဖြစ်လာနိုင်ကြောင်း Kuamut ပြည်နယ် လွှတ်တော်အမတ် Datuk Masiung Banah က ပြောကြားခဲ့သည်။

         Durian Merah သည် ဘော်နီယိုကျွန်းတွင် မူလပေါက်ရောက်သော ထူးခြားဆန်းပြားသော အသီးတစ်မျိုးဖြစ်သည်။ Durian Merah သည် Sabah ပြည်နယ် မြောက်ပိုင်းရှိ ခရိုင်အချို့တွင် နေထိုင်သည့် Sungai လူမျိုးစုများအတွက် ‌ရှေးယခင်ကပင် ရိုးရာအစားအစာ တစ်ခုခဲ့သည်။ Durian Merah သည် Sarawak အပါအဝင် ဒေသတစ်လျှောက် ထူးခြားသီးနှံအမျိုးအစားများကို နှစ်သက်သူများအကြား လူကြိုက်များလာနေသည်။

           ကိုင်းဆက်နည်းပညာများဆိုင်ရာ သုတေသနပြုလုပ်ရန် Masiung က တောင်းဆိုခဲ့ပြီး  ရည်မှန်းချက်မှာ အသီးများကို ယဉ်ပါးအောင်ပြုလုပ်ပြီး ရာသီအလိုက် သဘာဝအပင်မှ Sabah တွင် အဓိက ခေတ်မီစိုက်ပျိုးရေးထုတ်ကုန်အဖြစ်သို့ ပြောင်းလဲရန်ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။ ဒူးရင်းစိုက်ပျိုးရေးတွင် အတွေ့အကြုံများက Durian Merah ကို အဖိုးတန်ရိုးရာသီးနှံအဖြစ် မြှင့်တင်ပေးနိုင်ပြီး ခိုင်မာသော စီးပွားရေးအလားအလာရှိသည့် သီးနှံတစ်ခုအဖြစ် မြှင့်တင်ပေးနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

           အသီးများ ရင့်မှည့်သောအခါ မကြွေကျသောကြောင့် လက်ရှိတွင် ရိတ်သိမ်းရန် ခက်ခဲနေကြောင်း၊ ခူးဆွတ်သူများသည် ၎င်းကို ခူးဆွတ်ရန် သစ်ပင်မြင့်များတက်ရမည်ဖြစ်ကြောင်း Masiung က မီးမောင်းထိုးပြခဲ့သည်။

         Durian Merah ၏ ထူးခြားချက်မှာ မှည့်သော်လည်း မကြွေကျခြင်း၊ အသီးခူးဖို့အတွက် ကြီးပြီးမြင့်တဲ့ သစ်ပင်များကို တက်ရကြောင်း Masiung ပြောကြားခဲ့ပြီး တောက်ပသော အနီရောင်အသားသည် ပုံမှန်ဒူးရင်းသီးများနှင့် နှိုင်းယှဉ်ပါက စူးရှသောအနံ့နည်းပြီး အသားပို ခြောက်သွေ့ကာ အရသာပိုချိုမြိန်မှုနည်းကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)