ဇန်နဝါရီလအတွင်း အိမ်ခြံမြေကုမ္ပဏီသစ် တည်ထောင်မှု ၁၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည့် ဗီယက်နမ်

Powered by Drupal

         ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီလအတွင်း အိမ်ခြံမြေကုမ္ပဏီသစ်ပေါင်း ၆၂၅ ခု မှတ်ပုံတင်ခဲ့ ပြီး ယခင်နှစ်တူညီသည့်ကာလထက် ၁၃၀ ရာခိုင်နှုန်းအထိ သိသာထင်ရှားစွာမြင့်တက်လာကြောင်း သိရပါသည်။ နိုင်ငံတော်စာရင်းအင်းရုံး (NSO) ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ ဇန်နဝါရီလအတွင်း ကဏ္ဍစုံ၌ မှတ်ပုံတင်ခဲ့သော ကုမ္ပဏီသစ်ပေါင်း ၂၄,၂၀၀ နီးပါးရှိပြီး စုစုပေါင်း မှတ်ပုံတင်ရင်းနှီးမြှုပ်နှံမှုမှာ ဗီယက်နမ်ဒေါင် ၁၈၀.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ခန့်) ရှိကာ ယခင်နှစ်တူညီသည့်ကာလထက် ၁၂၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါသည်။ လုပ်ငန်းသစ်များပြားလာခြင်းနှင့်အတူ အလုပ်အကိုင်သစ်ပေါင်း ၁၀၈,၂၀၀ နီးပါး ဖန်တီးပေးနိုင်ခဲ့ပြီး ယမန်နှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါသည်။ အိမ်ခြံမြေကဏ္ဍတွင် ကုမ္ပဏီသစ်များ တိုးပွားလာခြင်းမှာ ကောင်းမွန်သော လက္ခဏာဖြစ်သော်လည်း အခြားတစ်ဖက်တွင် လုပ်ငန်းပိတ်သိမ်းမှုများ မြင့်တက်လာကြောင်း သိရပါသည်။ ဇန်နဝါရီလအတွင်း အိမ်ခြံမြေကုမ္ပဏီ ၂၆၆ ခု ဖျက်သိမ်းခဲ့ပြီး ၎င်းမှာ ယခင်နှစ်တူညီသည့်ကာလထက် ၁၁၈ ရာခိုင်နှုန်း ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ကုမ္ပဏီသစ်အရေ အတွက် တိုးတက်လာသော်လည်း ကုမ္ပဏီတစ်ခုချင်းစီ၏ ပျမ်းမျှမှတ်ပုံတင်ရင်းနှီးမြှုပ်နှံမှုမှာ ဗီယက်နမ်ဒေါင် ၇.၅ ဘီလီယံခန့်သာရှိတော့သဖြင့် ဒီဇင်ဘာလထက် ၂၃ ရာခိုင်နှုန်းနှင့် ယခင်နှစ် ကာလတူထက် ၁၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း သိရပါသည်။ ယခင်က လုပ်ငန်းခေတ္တ ရပ်နားထားသော ကုမ္ပဏီများ စျေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာခြင်းက စီးပွားရေးအလားအလာကို ပိုမိုအားကောင်းစေကြောင်း သိရပါသည်။ ဇန်နဝါရီလအတွင်း လုပ်ငန်းပြန်လည် စတင်သည့် ကုမ္ပဏီပေါင်း ၂၄,၅၀၀ ကျော်ရှိခဲ့ရာ စျေးကွက်အတွင်း လုပ်ငန်းသစ်နှင့် ပြန်လည် ဝင်ရောက်လာသည့် ကုမ္ပဏီစုစုပေါင်း ၄၈,၇၀၀ နီးပါးရှိခဲ့ပြီး ယခင်နှစ်ထက် ၄၆ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ သို့သော် တစ်ဖက်တွင်လည်း ကုမ္ပဏီပေါင်း ၅၄,၃၀၀ ခန့်မှာ လုပ်ငန်းများ ခေတ္တဆိုင်းငံ့ရန် မှတ်ပုံတင်ထားဆဲဖြစ်ရာ လုပ်ငန်းအများအပြားမှာ ဖိအားများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဖော်ပြနေသည်ဟု သိရပါသည်။ လက်ရှိအခြေအနေအပေါ် လေ့လာဆန်းစစ်သူများက ဗီယက်နမ်၏ အိမ်ခြံမြေကဏ္ဍတွင် လုပ်ငန်းပြန်လည်ပြင်ဆင်ဖွဲ့ စည်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်စွမ်းရှိသည့် ကုမ္ပဏီများမှာ ဆက်လက်တိုးချဲ့နိုင်သော်လည်း အားနည်းသော ကုမ္ပဏီများမှာ စျေးကွက်မှ ထွက်ခွာနေရကြောင်း သုံးသပ်ထားကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)