ကုန်စည်တင်ပို့၊တင်သွင်းမှုအခြေအနေ

Powered by Drupal

     ကယားပြည်နယ်တွင် ကုန်စည်များ ပုံမှန်လည်ပတ်လျက်ရှိပြီး နိုဝင်ဘာလအတွင်း ကယားပြည်နယ်မှ အခြားဒေသများနှင့် ကုန်သွယ်မှုအခြေအနေမှာ ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၂၀၃၅)အိတ်(၁၀၂)တန်၊ စပါးတင်ပို့မှုမှာ(၂၀၅၀)အိတ်၊ ပဲအမျိုးမျိုးတင်ပို့မှုမှာ (၃၇၀) အိတ်၊ နှမ်းတင်ပို့ မှုမှာ(၉၁၇၁)အိတ်(၄၄၉)တန်နှင့် ပြောင်းတင်ပို့မှုမှာ(၁၅၅၈၉၃)အိတ် (၇၆၃၇)တန် တင်ပို့ခဲ့ပြီးအခြားဒေသများမှ ကယားပြည်နယ်အတွင်းသို့ ကြက်သွန်ဖြူတင်သွင်းမှုမှာ (၃၀)အိတ်၊ ကြက်သွန်နီတင်သွင်းမှုမှာ (၉၇၀)အိတ်၊ ဆန်တင်သွင်းမှုမှာ (၅၁၄၀)အိတ် (၂၅၇)တန် တင်သွင်းမှုများ ရှိခဲ့ကြောင်း အောက်တိုဘာလနှင့် နှိုင်းယှဉ်ကြည့်လျှင် ဆန်တင်သွင်းမှုမှာ (၄၀၉၀) အိတ် (၂၀၄)တန်ပိုမိုလာပြီး ကြက်သွန်ဖြူတင်သွင်းမှုမှာ (၇၀)အိတ်လျော့နည်းလာကြောင်းနှင့် ပဲတင်ပို့မှုမှာ (၇၀)အိတ်၊ နှမ်းတင်ပို့မှုမှာ (၃၈၉၅)အိတ်(၁၉၀)တန်၊ ပြောင်းတင်ပို့မှုမှာ(၁၀၉၈၆၃)အိတ် (၅၃၈၂)တန် ပိုမိုတင်ပို့ခဲ့ကြောင်းကို မြို့ဦးဂိတ်စာရင်းအရ သိရှိရပါသည်။

DOCA(ကယား)