ကျိုက်ထိုမြို့နယ်အတွင်းရှိ ယိုမျိုးစုံထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

           ၂၃.၁၁.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် ကျိုက်ထိုမြို့နယ် ဇေယျာမွန်ရပ်ကွက်ရှိ ဌေးမြင့်အောင်ယိုမျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကျိုက်ထိုမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြပါဝင်ရမည့် အာမခံချက်များဖြစ်သည့် စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူလိုအပ်ချက်အတွက်သင့်လျှော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊ ကုန်စည်၏အမျိုးအမည်အရွယ်အစားအရေအတွက်နှင့် အသားတင်ပမာဏထားသိုသိမ်းဆည်းမှုအညွှန်း ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြ ရမည်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှု ရှိ/မရှိကို စားသုံးသူရေးရာ ဦးစီးဌာနတွင် တင်ပြလျှောက်ထားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)