ထားဝယ်မြို့၊ ပညာရွှေရည်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ထားဝယ်မြို့ ပညာရွှေရည်ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ ၊ နံနက်(၁၀:၀၀)တွင် တိုင်း‌ဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်း‌ဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိမှ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးလွင်မှ စားသုံးသူအခွင့်အရေး နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်နှင့် ပတ်သက် သည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ပါကြောင်း၊ Consumer Call Center 1535 သို့ခေါ်ဆို၍ စားသုံးသူရေးရာ နှင့်ပတ်သက်သည့် သိရှိလိုသည်များအား မေးမြန်းစုံစမ်းနိုင်ပါကြောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် ပညာရွှေရည်ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူ ဦးရေ(၁၅၀) တက်ရောက်ခဲ့ကာ အသိပညာပေး လက်ကမ်း‌စာစောင်များ ဖြန့်ဝေပြီးနောက် အခမ်းအနားကို နံနက်(၁၁:၃၀)တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(တနင်္သာရီ)