ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်ထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးနှင့်ဝန်ထမ်းများသည် (၂၇.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်း မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များသည် မြို့နယ်အတွင်း ရောင်းချနေသောလုပ်ငန်း၊ နေရပ်လိပ်စာ နှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မှတ်ပုံတင်ထားသည့် လုပ်ငန်း ရှင်ထံသို့ သွား ရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင်ထားသည့်လုပ်ငန်းများဖြစ်သည့် ပခုက္ကူမြို့တွင် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အထည် အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများရောင်းချသည့်လုပ်ငန်းရှင်နှင့် တိရိစ္ဆာန်နှင့်တိရိစ္ဆာန် မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ၊ အခြားဝန်ဆောင်မှုများ ရောင်းချသည့် လုပ်ငန်းရှင်များ ထံသို့သွား ရောက်၍ အွန်လိုင်းမှတ်ပုံတင်စဉ်က ဖြည့်သွင်းထားသည့်နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစားများ ကိုက်ညီမှု ရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးခြင်း၊ အွန်လိုင်းရောင်း ချမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှု ရှိ/မရှိကို မြေပြင် ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉အရလည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အ‌ရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအကြောင်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)