“ Online Sale လျောက်ထားမှုနှင့်ပတ်သက်၍မြေပြင်ကွင်းဆင်းဆောင်ရွက်”

Powered by Drupal

                    ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (ဦးစီးအရာရှိ) သည် မတ်လ(၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် Online မှတစ်ဆင့် မှတ်ပုံတင်လျှောက် ထားသည့် ကျောက်ဆည်မြို့၊ တံတားဦးမြို့၊အိမ်သစ်တန်းရပ်ကွက်ရှိ လက်ဝတ်ရတနာပစ္စည်းများ ၊ လူသုံကုန် ပစ္စည်းများ ၊ အီလက်ထနောနစ်ပစ္စည်းများရောင်းချသောဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာ တွင် Online မှတစ်ဆင့်လျှောက်ထားသည့် စာရွက်စာတမ်းများဖြစ်သော ပိုင်ရှင်၏ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ များအား မြေပြင်တွင်တိုက်ဆိုင်စစ်ဆေးခဲ့ပြီးလုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး ၄င်းလက်မှတ်မရှိဘဲ ရောင်းချခြင်း လုပ်ငန်းကို ဆောင်ရွက်ကြောင်း တွေ့ရှိပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းစသည့် Online ဖြင့် မှတ်ပုံတင်သည့် အကြောင်းအရာများအား အသေးစိတ် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)