
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သောစားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးရှိ ဆီကုမ္ပဏီများမှ ခွဲတမ်းရရှိခဲ့ပြီး YGND ကုမ္ပဏီ၊ GGPG ကုမ္ပဏီ MOA ကုမ္ပဏီတို့မှ ခွဲတမ်းရရှိခဲ့သော စားအုန်းဆီပေပါ(၆၈၇) လမ်းခရီးအခက်အခဲအခြေအနေကြောင့် ပိတ်မိနေပြီး (၁၄.၂.၂၀၂၆) ရက်နေ့တွင် (၁၀.၃.၂၀၂၆)ရက်နေ့တွင် ရေလမ်းခရီးဖြင့် ပြန်လည်တင်ဆောင်၍ မြိတ်မြို့သို့ သယ်ယူလာခဲ့ပါသည်။
သယ်ယူရာတွင် ပိုပိုင်မြတ်ရေယာဉ်နှင့် MV-ဝိသာခါရေယာဉ်တို့ဖြင့် သယ်ဆောင်လာခဲ့ပြီး (၁၁.၃.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါရောက်ရှိလာသော ရေယာဉ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဆီအရောင်းကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များမှကွင်းဆင်းစစ်ဆေးခဲ့ပြီး ပိုပိုင်မြတ်ရေယာဉ် စားအုန်းဆီပေပါ(၅၄)နှင့် MV-ဝိသာခါရေယာဉ်ဖြင့် စားအုန်းဆီပေပါ (၆၃၃)၊ စုစုပေါင်း စားအုန်းဆီပေပါ (၆၈၇)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိပါသည်။ ရောက်ရှိလာသောစားအုန်းဆီများကို ၂% အမြတ်ဖြင့် မြိတ်မြို့ရှိ လက်လီအရောင်းဆိုင်များသို့ ပြန် လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
