
ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ လက်ရှိဖြစ်ပေါ်နေသောကမ္ဘာ့နိုင်ငံရေးအခြေအနေများအရအများပြည်သူနှင့်စက်သုံးဆီရောင်းချနေသောအရောင်းဆိုင်များ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များနှင့် အညီလိုက်နာမှုရှိစေရေးအတွက် မြို့နယ်စက်သုံးဆီကြီးကြပ်ရေးကော်မတီအဖွဲ့မှ မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသို့ (၈.၃.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်မှု၌ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ လောင်စာဆီတင်သွင်းသည့် သင်္ဘောများ သယ်ယူ ပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက်တွင် အတားအဆီးအဟန့်အတားပိတ်ဆို့မှုများဖြစ်ပေါ် လျက်ရှိသဖြင့် စက်သုံးဆီများခြိုးခြံချွေတာသုံးစွဲစေရေးနှင့် ဖူလုံမှုရှိစေရေးအတွက် မော်တော်ယာဉ် များ၊ ဆိုင်ကယ်များအား လစဉ် စုံမရက်များခွဲ၍ ယာဉ်၏ စုံမ နံပါတ်အလိုက် အသုံးပြုစေရန် ထုတ်ပြန်ညွှန်ကြားချက်များအား အများပြည်သူ သိရှိလိုက်နာမှုရှိစေရေး၊ စက်သုံးဆီအရောင်း ဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိစေရေး၊ စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်၊ ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ညွှန်ကြားချက်များအား သိရှိလိုက်နာစေရေး ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြပါသည်။
DOCA(မန္တလေး)
