
စားသုံးသူရေးရာဦးစီးဌာနသည် စျေးကွက်အတွင်းရှိ ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီစွာဖော်ပြပါရှိစေရန် ရည် ရွယ်၍ ဆောင်ရွက်လျက်ရှိရာ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် အမှတ်(၁၃၀)၊ စကားဝါလမ်း၊ ကန်ခေါင်းရပ်၊ မြိတ်မြို့ရှိ စူပါ အမှတ်တံဆိပ် ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့သွားရောက်၍ ကိတ်နှင့်မုန့်မျိုး စုံလုပ်ငန်းမှ ထုတ်လုပ်ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးအား ၂၀၂၆ခုနှစ်၊ မတ်လ(၁၁) ရက်နေ့တွင် စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။
စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အမှတ်(၁၃၀)၊ စကားဝါလမ်း၊ ကန်ခေါင်းရပ်၊ မြိတ်မြို့ရှိ စူပါအမှတ်တံဆိပ် ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြပါရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက် အလက်တို့ကို ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာ စောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
