စစ်ကိုင်းခရိုင်အတွင်း စားအုန်းဆီကားရောက်ရှိမှုအပေါ် ကွင်းဆင်းစစ်ဆေး

Powered by Drupal

                   စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏လမ်းညွှန်မှုနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုတို့ဖြင့် စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးသည် ၂၀၂၆ခုနှစ်၊ မတ်လ ၉ ရက်နေ့ နေ့လည်(၁၅)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မန်ကျီးစဉ်ရပ်ရှိ “မြနှင်းဆီ”ဆီကိုယ်စားလှယ်တစ်ဦး၊  ချင်းစုရပ်ရှိ “မေတ္တာရှင်” ဆီကိုယ်စားလှယ် တစ်ဦး၊ မတ်လ ၁၀ ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ဈေးကုန်းရပ်ရှိ “သစ္စာရှင်” ဆီကိုယ်စားလှယ်တစ်ဦးတို့သည် ရန်ကုန်မြို့ရှိ Kaung Hlyan New Asia Co;Ltd စားအုန်းဆီကုမ္ပဏီမှ ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွက် ခွဲတမ်းရ စားအုန်းဆီစုစုပေါင်း (၂၈၈)ပေပါ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ကိုင်းခရိုင်အတွင်းရှိ ဆီကိုယ်စားလှယ်များက ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူ၊ ပို့ဆောင်ခ၊ ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက်ကား ဆိုင်များ မှ စက်မှုလုပ်ငန်းသုံးအတွက် ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီ ခွဲတမ်းရရှိသော လက်လီ/လက်ကားကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)