မြို့မရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင် (၁)ဦး နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ..၂၀၂၆ ရက်နေ့ တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၁)ဦး(အသက် ၄၀ ထက် - ၁ ဦး) နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှု စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းရေး အာမခံရ မည်ဖြစ်ကြောင်း အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန် ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန် စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)