ကြို့ပင်ကောက်မြို့တွင်စားသုံးသူကာကွယ်ရေးအသိပညာပေးTalk Show

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်သည် (၆.၃.၂၀၂၆) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။

          အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်ဝင့် နန္ဒာဌေးမှ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေး ဆောင်ရွက်နေသည့် အကြောင်း အရာများထဲမှ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်မှ စီးပွားရေး လုပ်ငန်းရှင်ဆိုတာ ဘယ်သူတွေလဲ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်နှင့်ဝန်ဆောင်မှုများ စပ်လျဉ်း၍ အားမခံချက်ပေးနိုင်သည့် အချက်များ လုပ်ငန်းရှင်များ လိုက်နာမှုမရှိလျှင် စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းဆိုင်ရာများကို ပြည်သူများသိရှိနိုင်ရန် ပြန်ဆက်ဌာနနှင့် ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

DOCA( ပဲခူး)