မြိတ်မြို့၊ အမှတ်(၅)နှင့်အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့သည် (၁.၁၂.၂၀၂၂)ရက်နေ့နှင့် (၂.၁၂.၂၀၂၂)ရက်နေ့၊ နံနက်(၉း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ကန်ဖျားရပ်နှင့် ခရူတောရပ်ရှိ အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်း ချက်၊ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော စားသုံးသူဥပ‌ဒေပါ ကုန်အညွှန်းအမှတ်အသား များ၊ သုံးစွဲရန်မသင့်သောစားသောက်ကုန်များအကြောင်း၊ ခွင့်မပြုဓါတုဆိုးဆေးနှင့် တားမြစ်ဓါတုဆေးများအကြောင်း၊ အသေးစားလုပ်ငန်းများဖြစ်သော အစားအသောက်၊ အလှကုန်၊ လူသုံးကုန်လုပ်ငန်းများ၏ ထောက်ခံချက်အား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်နိုင်ပြီး၊ အစားအသောက်များရွေးချယ်ဝယ်ယူစားသောက်ရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော စားသောက်ကုန်များသာရွေးချယ်ဝယ်ယူရန်၊ စားသုံးသူများ ထိခိုက်နစ်နာမှုရှိခဲ့ပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားရန်နည်းလမ်းများ၊ စားသောက်ကုန်များအား သက်တမ်းကုန်ဆုံးရက်ကြည့်၍ဝယ်ယူရန်တို့ကိုဟောပြောပို့ချပြီး၊ ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်နိုင်ရန် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဈေးတန်းအား ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင်  သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သောစားသောက်ကုန်များအား စစ်ဆေးခဲ့ပြီးကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသောစားသောက်ကုန်များနှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များသာ ရောင်းချရန်ပြောကြား၍ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)