
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကျေးရွာတွင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို အဓိကထား စီးပွားဖြစ် စိုက်ပျိုးကြပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလဲရှိပြီး ညောင်တုန်းမြို့နယ်တွင် ဘူးပင် စိုက်ဧက ၁၂၀ ဧကခန့် နှစ်စဉ် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကျေးရွာတွင် ဘူးပင် ၁ဧကိုက တောင်သူ ဦးထွန်းဝေမှ စိုက်ပျိုးထားရှိပြီး ၂၀၂၅ခုနှစ် အောက်တိုဘာ လလယ်တွင် စတင်စိုက်ပျိုးပြီး ၂၀၂၆ခခုနှစ် ဖေဖော်ဝါရီလတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ဘူးဝိုင်းပုနှင့် ဘူးရှည်မျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါ အထုပ် ၁၅ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြစ်ချောင်းရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာကျင်းတူး၍ အစေ့ချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ဘူးသီး အလုံးရေ ၅၀၀၀-၆၀၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဘူးသီးအလုံး အရွယ် အစားအပေါ်မူတည်၍ ဖေဖော်ဝါရီ လက ဘူးသီးတစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၅၀၀-၁၀၀၀ နှုန်းဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၄၀ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး ရန်ကုန် သီရီမင်္ဂလာဈေးကြီးသို့ တင်ပို့ရောင်းချ ရောင်းချကြကြောင်း၊ ဘူးသီးများကို ရန်ကုန် ပုသိမ်ကားလမ်းဘေးနှင့် ရန်ကုန်ဟင်္သတ ကားလမ်းဘေးတို့တွင် ရောင်းချခြင်းဖြင့် ခရီးသွားဘုရားဖူးကားများမှ များပြားစွားဝယ်ယူကြကြောင်း လက်ရှိဈေးကွက်တွင် ဗူးသီးဈေး လက်လီ ၁လုံးလျှင် ၂၀၀၀ ကျပ်သာရှိ၍ ဈေးအနည်းငယ်ကျဆင်းနေပြီး ရန်ကုန်တင်ပို့မှသာ အကျိုးအမြတ် များကျန်ရှိကြောင်း တောင်သူမှ ရှင်းပြသည်။ ဘူးသီးပင်စိုက်ပျိုးခြင်းသည် ဘူးသီးများသာမက ဘူးညွန့်(ဘူးရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး ယခုနှစ်တွင် ဘူးသီးစျေးနှုန်း မနည်းငယ်ကျဆင်းပြီး ယခင် နှစ်က ဘူးသီး ၁ လုံး ၃၀၀၀ ကျပ်အထိဈေးရခဲ့ကြောင်း တောင်သူများအနေဖြင့် အကျိုးအမြတ်များ ရရှိ ကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
