အရန်သင့်အစားအစာများအား ဈေးကွက်ကွင်းဆင်း  

Powered by Drupal

                  စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး ဦးဆောင် ၍ စစ်ဆေးရေးမှူးများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ လုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီထုတ်လုပ် ရောင်းချစေရေးတို့အတွက် ၁၁.၃.၂၀၂၆ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီ အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၉)ရပ်ကွက်ရှိ ‘‘ ချို ’’ စတိုးဆိုင်တွင် ရောင်းချနေသော အရန်သင့်အစားအစာ အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

            အရန်သင့်အစားအစာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါဝင်မှု ရှိ/မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သောကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ် ထားသောအချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူး ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များအား လိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား အစဉ်တစိုက် လိုက်နာ၍ ရောင်းချကြရန်အသိပေးကာ ဈေးကွက်စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ယခုလို စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းဖြင့် စားသုံးသူ များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက်သာမက ဒေသအတွက်၊ နိုင်ငံတော်အတွက်ပါ ကောင်းမွန်သည့် ဈေးကွက်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

DOCA(မန္တလေး)