
၂၀၂၆ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲတို့ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၂)နှင့် ရပ်ကွက် (၃)အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချနေသော April Hair Tonic အမှတ်တံဆိပ် ဆံပင်ဖြန်းဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ April Hair Tonic အမှတ်တံဆိပ် ဆံပင်ဖြန်းဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာတွင် သက်ဆိုင်ဌာန၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး တရားမဝင်တင်သွင်းထားသော အလှကုန်ပစ္စည်းများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ယင်းနောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အလှကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များအား သက်တမ်းလွန် အလှကုန်ပစ္စည်းများ နှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော အလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချ ခြင်း မပြုလုပ်ရန်နှင့် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ၊ မှတ်ပုံတင်အမှတ် Import Registration No.(IR)များ ဖော်ပြထားသော အလှကုန်ပစ္စည်း များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ”ကို သိရှိ လိုက်နာဆောင်ရွက်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။
DOCA(ရှမ်း)
