ညောင်တုန်းမြို့နယ် ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်းနေ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အများဆုံးအောင်မြင်နေသော ဒေသတစ်ခု ဖြစ်သည်။ ထို့ပြင် ညောင်တုန်းမြို့နယ်နှင့်  အနီးအနားမြို့များဖြစ်သည့် ပန်းတနော်၊ ဓနုဖြူ၊  မအူပင်၊ ဝါးခယ်မ၊ ဇလွန်၊ ဟင်္သတမြို့များထိ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ  "ခင်" ငရုတ်ရောင်းဝယ်ရေးပိုင်ရှင်   ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။ ငရုတ်သီးနှံကို ညောင်တုန်းမြို့နယ်တွင် စိုက်ဧက ၂၄၈၀ဧက စိုက်ပျိုးကြောင်း နယ်မြေစာရင်းများအရ သိရသည်။
         စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ် ဦးအောင်လွင်နှင့်  ဝန်ထမ်းများသည် မတ်လ ၁၃ ရက်နေ့တွင် ငရုတ်စိုက်ပျိုးထုတ်လုပ်မှုအား ကွင်းဆင်းလေ့လာစိစစ်ခဲ့သည်။ ငရုတ်စိုက်ပျိုး ရောင်းဝယ်ရေးခြံတွင် စိုက်ပျိုးထုတ်လုပ်သော ငရုတ်မျိုးများမှာ မိုးထောင်နှင့် အောက်ဆွဲမျိုးများစိုက်ပျိုးထုတ်လုပ်ကြောင်း သိရှိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် မြေပြင်ခ၊ မျိုးစေ့ခ၊ ကုန်ကျစရိတ် တစ်ဧကလျှင် ကျပ် ၂၅ သိန်းခန့် ကုန်ကျနိုင်ပြီး  စိုက်ပျိုးပြီး ငရုတ်ခူးဆွပ်ချိန်တွင် ၄လအကြာငရုတ်ထွက်ရှိကြောင်း  လေးလအတွင်း တစ်လနှစ်ကြိမ်နှုန်းဖြင့် ရှစ်ကြိမ် ခူးဆွတ်နိုင်ကြောင်း သိရသည်။ ငရုတ်သီးများကို တစ်ကြိမ်ဆွတ်ခူးပြီးတိုင် အပင်အားဆေး၊ အသီးအားဆေး၊ သွင်းအားစုများကို စနစ်တကျအသုံးပြု ဆောင်ရွက်ရပြီး ငရုတ်သီးခူးပြီးတိုင်း ဆောင်ရွက်ရသဖြင့် ခူးဆွတ်ပြီး သွင်းအားစုအသုံးပြုမှု စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်မှာ၃၅သိန်းခန့်ရှိကြောင်းထပ်မံရှင်းပြသည်။ 
           လေးလအတွင်း ခူးဆွတ်ပြီး   ငရုတ်သီးအစို ပိဿာ ၃၀ဝ၀ခန့် ရရှိပြီး အစိုတစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ နှုန်းဖြင့် ရောင်းချရပြီး ကျပ်သိန်း ၉၀ ခန့် ရရှိသဖြင့် တစ်ဧက ကျပ်သိန်း ၅၅ ခန့် အကျိုးအမြတ်ရရှိကြောင်း ငရုတ်အသင်း ဥက္ကဋ္ဌ ဦးဌေးဝင်း၏ ပြောပြချက်အရ သိရသည်။ ယခင်နှစ် ၂၀၂၃ခုနှစ် က ကုန်ကျစရိတ်မှာ ၅၅သိန်းခန့်သာရှိပြီး ငရုတ်အစိုဈေးမှာလည်း ၁ပိဿာ ၂၀၀၀ကျပ်ခန့်သာရရှိခဲ့သည်။ ယခုနှစ်များတွင် ကုန်ကြမ်းဈေးများမြင်တက်လာသလို ငရုတ်အစိုဈေးလည်းကောင်းမွန်လာ၍ အကျိုးအမြတ်ပိုမိုကျန်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA (ဧရာဝတီ)