ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌   Talk Show  အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၁၁.၃. ၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊လူထုအခြေပြုဗဟိုဌာန၌“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသုံး သူရေးရာဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ပခုက္ကူခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်တို့ ပူးပေါင်း၍ထုတ်ကုန် ဘေးကင်းလုံခြံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ”ခေါင်းစဉ်ဖြင့်အသိပညာပေး Talk Show   ပြုလုပ်ခဲ့ ပါသည်။      

    အဆိုပါ Talk Show တွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက  စားသုံးသူရေး ရာဦးစီးဌာနဖွဲ့စည်းပုံ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ထုတ်ကုန်ဘေး ကင်းလုံခြုံဖို့ဆိုလျှင် ကာကွယ်ခြင်းက ကုသခြင်းထက် ပို၍ကောင်းမွန်သောကြောင့် မိမိတို့ဌာနမှ ဝန်ထမ်းများက လုပ်ငန်းရှင်များဆီသို့ သွားရောက်အသိပညာပေးကြောင်း၊ ဦးစီးဌာနမှ ဥပဒေ အညီခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည်၊ ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန် အလို့ငှာ စစ်ဆေးရန် တာဝန်ရှိသည်နှင့်အညီ Pre Market နှင့် Post Market ဈေးကွက်မရောက်မီ ဈေးကွက်ရောက်ပြီး စောင့်ကြည့်စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေ ပြဌာန်းချက်ပါ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းအား သိရှိ လိုက်နာရန်လိုအပ်ကြောင်း၊ အစားအသောက်လုံခြုံစိတ်ချရမှုသည် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အလွန်အရေးပါကြောင်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးကုန်၊ ဆေးဝါး လျှပ်စစ်ပစ္စည်း၊ လယ်ယာသုံးအစရှိတဲ့ ထုတ်ကုန်များစွာရှိသည့်အတွက် အလွန်ကျယ်ပြန့်ကြောင်း ထုတ်ကုန်တွေ အပေါ်မှာလည်း သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက သတ်မှတ်ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ စံချိန်စံညွှန်းစသည့်တို့ကို လိုက်နာရမှာဖြစ်ကြောင်း ဥပမာ သီးနှံစိုက်ပျိုးသော တောင်သူ ဦးကြီးများအနေဖြင့် (GAP)  ကောင်းမွန်တဲ့ စိုက်ပျိုးမှုကျင့်စဉ်၊ သားငါး ထုတ်လုပ်ရေးလုပ်ငန်းရှင် တွေ အနေဖြင့် (GMP) စနစ် ကောင်းမွန်တဲ့ ထုတ်လုပ် မှုကျင့်စဉ် အစရှိတာတွေကိုသိရှိပြီး စိုက်ပျိုး ထုတ်လုပ်မှုမှ သယ်ယူသူ၊ ထုတ်ပိုးသူ၊ ထားသိုသူ၊ ချက်ပြုတ် ပြင်ဆင်သူ၊ ရောင်းချသူမှသည် (End User) လို့ခေါ်တဲ့ စားသုံးသူလက်ထဲရောက်ရှိသည့်အထိ (Supply Chain)ကွင်းဆက် တစ်ခုလုံးမှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဘေးကင်းမှု၊ လုံခြုံစိတ်ချ ရမှုရှိအောင် အသိပညာ၊ ဗဟုသုတများနှင့် ဟန်ချက်ညီညီလုပ်ဆောင်သွားမှသာလျှင်ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူ ဘဝများသို့အမြန်ဆုံးရရှိမှာဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)