
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ အသိပညာပေး ဟောပြောခြင်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ (၄.၃.၂၀၂၆)ရက်နေ့တွင် မိတ္ထီလာ မြို့၊ ကြာအင်းကျေးရွာနှင့် လူးခင်းကြီးကျေးရွာတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ (၆.၃.၂၀၂၆)ရက်နေ့တွင် မိတ္ထီလာ မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ် ခြင်းလုပ််ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Talk Show ကျင်းပဆောင် ရွက်ခဲ့ပါသည်။(၁၀.၃.၂၀၂၆)ရက်နေ့တွင် သာစည်မြို့နယ် ၊ ကန့်ဖြူကျေးရွာ၊ (၁၅.၃.၂၀၂၆) ရက် နေ့တွင် မိတ္ထီလာမြို့၊ပညာရေးဒီဂရီကောလိပ်၊ပညာပါရမီခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်လျှက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူ အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာ မှုများအတွက် ဖြေရှင်းပေးမှုများအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် လည်း တခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့ကိုယ်တိုင်စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး/ခရိုင်ရုံးများတွင်ဖွင့်လှစ်ထား သော စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံး များတွင် တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mmတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅ ) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ လက်ကမ်းစာ စောင်များလည်း ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)
