မြင်းခြံမြို့တွင် ဆေးအရောင်းဆိုင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေ ပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များ နှင့်လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာ ပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေရာစုံ၊ ကုန်ပစ္စည်းအစုံတို့အားအစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။

           ထိုသို့ဆောင်ရွက်လျက်ရှိရာ (၁၇.၃.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဒု-ခရိုင်ဦးစီးမှူး) ဦးဆောင်၍ စစ်ဆေးရေး မှူးများသည် မြင်းခြံမြို့ရှိ အမှတ်(၁၆)ရပ်ကွက်ရှိ ‘‘ဂျမ်းဂျမ်း’’ ဆေးနှင့်ဆေးပစ္စည်း ရောင်းချသော ဆေးဝါးများနှင့်ဆေးအပိုပစ္စည်းများတွင် အရည်အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများ မရှိစေရေး ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့်စားသုံးသူ ကာကွယ်ရေးဥပဒေ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်ကိုက်ညီသော ဆေးဝါးများသာ ရောင်းချစေရေး၊ သတ်မှတ်ချက်နှင့်ကိုက်ညီသော ဆေးဝါးများရောင်းချရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက် ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေ အနေနှင့် ဆေးဝါးများပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း စိစစ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

 DOCA(မန္တလေး)