ညောင်ဦးမြို့ရှိ ဈေးကွက်မရောက်မီ ကုန်စည်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                                 စားသုံးသူရေးရာဦးစီးဌာန၊  ညောင်ဦးတာဝန်ခံရုံးအနေဖြင့် (၂၀.၃.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာခရိုင်တာဝန်ခံဦးတင်မျိုးခိုင်နှင့်ဝန်ထမ်းများသည်ညောင်ဦးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ သန့်သန့်လေး၊ ရွှေပုံပုံ အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းခွင်များသို့ ကွင်းဆင်းခဲ့ပါသည်။

                ခရိုင်တာဝန်ခံမှ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိ ရာ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲရမည်ဖြစ်ပါ ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့် ညီညွတ်ရန် အထူးအလေးထား လုပ်ဆောင်ကြရန်၊ ကုန်စည်နှင့် သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည် ဖြစ်ပြီး၊ စားသုံး သူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များ ကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်မရောက်မီ ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

  DOCA(မန္တလေး)