သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဝန်ဆောင်မှုကဏ္ဍများ စိတ်ချရမှုရှိစေရေး အတွက် (၂၄..၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ အား ပခုက္ကူမြို့ပေါ်ရှိ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများပေးပို့ရေးပြုလုပ်သည့် အဝေးပြေးကားကြီး ကွင်းအတွင်း ယာဉ်ကြီးကြပ်ရေးကော်မတီရုံးတွင် ဂိတ်တာဝန်ခံများ၊ ဂိတ်မှူးများနှင့် တွေ့ဆုံ၍ Power Point ဖြင့် အသိပညာပေးဆွေးနွေးခြင်းနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းကားဂိတ်များသို့ သွား ရောက်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရခြင်းသည်  စားသုံး သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ကျယ်ကျယ် ပြန့်ပြန့်အသိပညာပေးနိုင်ရေး၊သိသင့်သိထိုက်သည့် အချက်များအားအသိပညာပေး ဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက် ရခြင်းဖြစ်ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေး၊ အသိပညာပေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ပူးပေါင်းအဖွဲ့ များသည် ပခုက္ကူမြို့ပေါ်ရှိ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်သည့် ခရီးသည်ပို့ဆောင် မှုနှင့် ကုန်စည်တန်ဆာများပေးပို့သည့် ယာဉ်လိုင်းများအား  ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေး ပါကြောင်း၊ ယာဉ်လိုင်းများမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာ များကို စားသုံးသူများ၏ လိုအင်ဆန္ဒများနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေသည့် ခရီး သည်ပို့ဆောင်မှု အခြေအနေများ၊ ကုန်စည်တန်ဆာများပေးပို့မှုအခြေအနေများ၊ အများသုံးသယ်ယူပို့ ဆောင်ရေး မော်တော်ယာဉ်များကို စစ်ဆေးခြင်းဖြင့်ယာဉ်မတော်တဆကိစ္စရပ်များအား အတိုင်းအတာ တစ်ခုထိလျော့ချနိုင်ဖြစ်ကြောင်း၊ ဥပမာ သတ်မှတ်လူဦးရေထက်ပိုမိုတင်ဆောင်ခြင်း၊ ယာဉ်မောင်း အရက်သေစာသောက်စားထားခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးထုတ်ပြန်ထားသော သက်ဆိုင် ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီလိုက် နာမှုရှိစေရန် လိုအပ်ကြောင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများအနေဖြင့် ခရီးသည် ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့ရေး စသည့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိရာထို ဝန်ဆောင်မှုများ ကို အသုံးပြုသည့် စားသုံးသူ များအနေဖြင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်ဖွယ်ရရှိစေရန်၊ နစ်နာ ဆုံးရှုံးမှုများဖြစ်လာပါက ဖြစ်သင့်ဖြစ်ထိုက်သော ကုစားခွင့်ရရှိစေရန်နှင့် မိမိတို့ဘက်မှ သတင်း အချက် အလက်များကိုလည်း  ရှင်းလင်းစွာကြိုတင်အသိပေးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ စားသုံး သူများအနေဖြင့် စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိမည်ဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှုများကို နှစ်ဦး နှစ်ဖက်၊ စားသုံးသူ (သို့မဟုတ်)လုပ်ငန်းရှင်များဘက်မှ ဖြစ်ပေါ်လာသည် ဆိုပါက သက်သေအထောက် အထားများနှင့် တကွ စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍကြောင့် ဖြစ်ပေါ်လာသည့် တိုင်ကြားမှုများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေး အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)